This is how we work.


  1. How the customer explained it
  2. How the Project Leader understood it
  3. How the Analyst designed it
  4. How the Programmer wrote it
  5. How the Business Consultant described it
  6. How the Project was documented
  7. How operations installed
  8. How the customer was billed
  9. How it was supported
  10. What the customer really needed


ဒီထဲမှာ သဘောအကျဆုံးကတော့ How the Project was documented နဲ့  How it was supported ဆိုတာကိုပါပဲ။ ဟိုတလောကဆို User တွေ လက်ရှိသုံးနေတဲ့ Software တစ်ခုမှာ ပြဿနာ တစ်ခုတတ်လို့  Investigation လုပ်ပေးပါတဲ့။ ဒါနဲ့  လုပ်ပေးမယ် အဲ့ဒီ Project ရဲ့ Documentation လေးအရင်ပေးပါ ပြောလိုက်တော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရေးထားတဲ့ Documentation လာပေးတယ်။ ကြည့်လိုက်တော့ ခုလက်ရှိဟာ နဲ့  အတော်ကို ကွာခြားနေပြီ။ အသေအချာ မေးကြည့်တော့မှ ဒီနှစ်တွေအတွင်း အဲ့ဒီ Project ကို Enchantment အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်တဲ့။ အချိန်မရ (Very Tide Schedules) မို့  ဘာ Technical Documents မှ အသစ်ထပ် မလုပ်နိုင်ခဲ့ဘူး၊ လိုချင်ရင်တော့ User Requirement Documents တွေပဲ ရှိတဲ့လေ။ ကောင်းရော။ ဒါဆိုလည်း အဲ့ဒီက Function တွေ ဘယ်လို အလုပ်လုပ်လဲ သိမှဖြစ်မယ်၊ ဒါမှ ဘယ်နေရာတွေမှာ၊ ဘာမှားနေလဲ သိနိုင်မှာဖြစ်လို့  Functional Specification နဲ့ User Guide တစ်ခုခု ပေးပါလို့  ပြောလိုက်တော့.. Document အဟောင်းတွေပဲရှိလို့  စုံလင်မှာ မဟုတ်တဲ့အတွက် ဒီမှာ 10 Years ကျော် Experience ရှိနေတဲ့ BA (Business Analyst) တစ်ယောက်ကို သိချင်တာတွေရှိရင် သွားမေးပါ၊ ဒီ Software ကို အဲ့ဒီ BA အကုန်သိပါတယ်လေ။

ပထမဆုံးအလုပ်ဝင်ချိန်တုန်းကတော့ အဲ့ဒီမှာ Documentation အပြည့်အစုံမရှိတာတွေ့ တော့ ဒီ Company ကသေးလို့  စည်းစနစ်မကျလို့  မရှိတာလို့ ပဲ ထင်ခဲ့မိတယ်။ ဒါပေမယ့် နောက်ပိုင်း ကြာလာတော့ Company အတော်များများက ဒီလိုပါပဲ၊ Documentation ဆိုတာကို ရှိတယ် ပြောနိုင်ရုံလောက်သာ၊ အဖြစ်သဘောလောက် လုပ်နေကြမှန်း သိလာရတော့တယ်။

How the Programmer wrote it ဆိုတာလေးကို မြင်ရတော့ Programmer တွေ တခါတလေမှာ အလွယ်လိုက်ပြီး ဖြစ်သင့်တာ မဖြစ်သင့်တာကိုလည်း ဂရုမထား၊ အလုပ်မြန်မြန်ပြီးအောင်လုပ်လိုက်ဖို့  လွယ်လွယ်ကူကူ ရေးလိုက်တတ်ကြတာကို တွေးမိပြီး ရယ်ချင်သွားတယ်။ How the Business Consultant described it ဆိုတာကိုလည်း သဘောကျတယ်။ ခုအချိန်မှာ ကျွန်မဘေးနားမှာ ရှိနေတဲ့ သူတွေက အဲ့လို တွေကြီးပဲ။ How the customer was billed ကိုမြင်တော့ ပထမဆုံးအလုပ်က Boss ကို သတိရတယ်။

How the customer explained it နဲ့  What the customer really needed ကိုကြည့်ပြီး မှန်လိုက်တာလို့  တွေးမိတယ်။ Customer တွေရှင်းတာ နားထောင်ပြီးရင် ၊ သူတို့  ဘာလိုချင်လို့  ဘာတွေလုပ်စေချင်နေမှန်း သိအောင် လုပ်ရတာ တော်တော်ခက်တယ်။ နောက်ပြီး တကယ်အသုံးပြုမယ့် User တွေစီက Requirement တွေ ယူရတာကလည်း အတော်လေးခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို Customer တွေ၊ Actual User တွေနဲ့  တွေ့ ရတာ ပျော်စရာတော့ အတော်ကောင်းသား။

ဒီပုံလေးက ကျွန်မတို့  လုပ်ကိုင်နေရတဲ့ အလုပ်ပတ်ဝန်းကျင် အကြောင်းကို ဖေါ်ပြပေးနေသလို ၊ လူတဦးနဲ့ တဦး ပြောဆို ကြရာမှ ကိုယ်ပြောချင်တာနဲ့  သူနားလည်သွားတာ တူညီဖို့ ဆိုတာ အလွန်အရေးကြီးကြောင်း သိသာစေပါတယ်။

Leave a comment