Our Gmail


Gmail ရဲ့ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်ဘဲ Macintosh computer တွေပေါ်မှာ
မြင်တွေ့ရတတ်တဲ့ ဒီဇိုင်းလှလှ ကလေးကို ရရှိနိုင်တဲ့ add-ons တခုဖြစ်ပါတယ်။
http://www.userscript.org/scripts/show/7646

Gmail Spam-count
Gmail ရဲ့ inbox အတွင်းမှာရှိတဲ့ ’spam’ box ကိုမလိုချင်တဲ့အခါ အခု script ကလေးကို install လုပ်ထားလိုက်ပါ။
http://www.userscript.org/scripts/show/2210

Gmail Reader Folder

Gmail ရဲ့ အတွင်းထဲကို Google reader နဲ့ ချိတ်ဆက်ပြီး folder လေးတခု
တည်ဆောက် ပေးပါလိမ့်မယ်။ အဲဒီ folder မှာ google ရဲ့ သတင်းတွေ မှန်သမျှ
ရှိနေတဲ့ အတွက် တခြားနေရာတွေ ကနေ သတင်းတွေကို တကူးတက လိုက်ရှာနေဖို့
မလိုတော့ပါ။
http://www.userscript.org/scripts/show/8598

Google Reader Intergration
Google Reader ရဲ့ လျှိ့ဝှက်ချက်တွေ၊ ဆောင်ရန် ရှောင်ရန် တွေကအစ ပါဝင်ပြီး
GReader နဲ့ ပတ်သက်သမျှ အစုံလင်ဆုံး extension တခုလို့ ဆိုနိုင်တဲ့ script

တခုပါ။
http://www.userscript.org/scripts/show/8450

Conversation Preview
တကယ်လို့ Gmail ထဲကို စာအသစ်တွေ ရောက်နေခဲ့လျှင် အဲဒီစာတွေကို Click
နှိပ်ပြီး မဖွင့်ခင်မှာ နမူနာ အမည်းသဘောမျိုး ‘preview’ တခုအနေနဲ့
ပြသပေးမယ့် script ပါ။ ‘image’ တွေနဲ့ တွဲဖက် ပါဝင်လာတတ်တဲ့ spam message
တွေနဲ့ virus message တွေရဲ့ အန္တရာယ်က ရှောင်ရှားနိုင် စေဖို့အတွက်
သင့်တော်လှပါတယ်။

http://www.presistant.info/greasemonkey/gmailpreview.user.js

Saved Searches
Gmail ထဲမှာ mail တွေ တစ်ပုံတစ်ခေါင်း ဖြစ်နေတဲ့ အခါမှာ ကိုယ်ကလည်း
အချိန်သိပ် မရလို့ လိုချင်တဲ့ စာတစ်စောင်ကို တနေ့တာ နည်းနည်းစီပဲ
အချိန်ပေးပြီး စစ်ထုတ်ရှာ ဖွေချင်တဲ့ အခါမှာ သုံးစွဲနိုင် ပါတယ်။ ‘folder’
တခုအနေနဲ့ တည်ဆောက်ပြီး ရှာဖွေပြီးခဲ့တဲ့ message တွေကို သီးသန့်ခွဲ
ထုတ်ထားပေးပါလိမ့်မယ်။
http://www.presistant.info/greasemonkey/gmail.user.js

Folder4Gmail
Gmail အတွင်းမှာ ‘label’ ဆိုတာဟာ ‘folder’ ကိုဆိုလိုပါတယ်။ ဒါပေမယ့်
တချို့ user တွေအဖို့ အလွန်မျက်စိ စိမ်းတဲ့ အတွက် mail တွေကို
ကိုင်တွယ်ရာမှာ ကသောင်းကနင်း ဖြစ်ရစမြဲပါ။ အခု script ဟာ Gmail အတွင်းမှာ
ပျောက်ဆုံးနေတဲ့ folder တွေကို တည်ဆောက်နိုင် စေဖို့ဖြစ်ပါတယ်။ ဥပမာ
အားဖြင့် ‘Mywork’ ဆိုတဲ့ label(folder) အောက်နမှာ CJ(sub-folder) နဲ့
CT(sub-folder) ဆိုပြီး sub-label တွေ ခွဲခြား နိုင်ပါလိမ့်မယ်။
http://arend-von-reinersdorff.com/folders4gmail/

Gmail Date Search
‘Search by Date’ ဆိုတဲ့ buttom တခုကို ပေါင်းထည့်ပေးတဲ့ script ပါ။ အဲဒီ
buttom ကို ရယူထားမယ် ဆိုရင် နေ့ဆွဲ တခုချင်းဆီ အလိုက် ကိုယ်ရဲ့ email
တွေကို လွယ်လင့်တကူ ရှာဖွေ စစ်ထုတ် ယူနိုင်ပါ လိမ့်မယ်။
http://lifehacker.com/assets/resources/2007/04/gmaildatasearch.user.js

Label colors
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် (ပန်းရောင်)၊ ကိုယ့်ရဲ့
စီးပွါးရေး လုပ်ငန်းအတွက် (အ၀ါရောင်)၊ ကိုယ့်ရဲ့ မိသားစု အတွက်

(အပြာရောင်)၊ အရေးကြီးတဲ့ email မျိုးစုံအတွက် (အနီရောင်)၊ အဲဒီလိုမျိုး
label တွေမှာ color မျိုးစုံ အသုံးချ ချင်တယ် ဆိုရင်တော့ ဒီ script ကို
ရယူရပါလိမ့်မယ်။
http://mail.google.com/help/about-whatsnew-html

Gmail attachment
ကိုယ့်ရဲ့ Gmail ထဲဝင်လာတဲ့ စာတစ်စောင်ဟာ သာမန် စာတစ်စောင် ဆိုရင်တော့
ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ attach တွဲဖက် ပါဝင်ထားတဲ့ စာတစ်စောင်
ဆိုရင်တော့ Gmail ဟာ သူ့ရဲ့ original attach icon လေးနဲ့ ပြသပေးပါတယ်။

ဥပမာ အားဖြင့် image ဖိုင် ဆိုရင် (jpg) icon လေးနဲ့ ပြသပေးပြီး တခြား
word, excel စတဲ့ file တွေဆိုရင်လည်း (.doc) (.xls) စတဲ့ icon လေးတွေနဲ့
ပြသပေးတဲ့ အတွက် အလွယ်တကူနဲ့ ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် developer
အငယ်စားတွေနဲ့ လေ့လာချင်တဲ့ လူငယ်တွေအဖို့ ပိုပြီး အဆင်ပြေတာက အခု script
ဟာ ’sytlish’ ရဲ့ add-on နဲ့ ရေးသားထားတဲ့ အတွက် ကိုယ့်စိတ်ကြိုက် icon
လေးတွေကို ပြန်ပြောင်းယူရင်း ကိုယ်ပိုင် extension ကလေးတစ်ခုကို တောင်
ကြိုးစားဖန်တည်းလို့ရနိုင်တဲ့ script တစ်ခုပါ။
http://userstyle.org/style/show/1807

Gmail To
Gmail ရဲ့ inbox ထဲမှာ ကိုယ်လိုချင်တဲ့၊ ကိုယ်ကြည့်ချင်တဲ့ webpage link တွေကို ကြည့်ရှုလို့ ရနိုင်စေပါမယ်။
http://userscripts.org/scripts/show/5722

Fixed Font toggle
font တွေ မျိုးစုံရရှိစေပြီး to-do-list ကို ဖော်ပြပေးပါတယ်။
fttp://gmail-greasemon-key.googlecode.com/svn/trunk/scripts/gmailfo…

Gmail Macros

ကိုယ့် စိတ်ကြိုက် ဖန်တည်းထားတဲ့ ’short-units’ တွေကို Gmail inbox ထဲမှာ
သုံးစွဲ နိုင်ပါမယ်။ ဥပမာ အားဖြင့် ‘t’ ကို ရိုက်လိုက်ရင် Move to trash
ကို ရွှေ့ ပေးပါ။ ’s’ ကိုရိုက်လိုက်ရင် ဒီ message ကို spam လို့သတ်မှတ်ပါ
စသည်ဖြင့် ပြုပြင် ပြောင်းလဲ ထားနိုင်ပါတယ်။
http://presistent.info/greasemonkey/gmail-marcos.user.js

Gmail encrypt
ကိုယ်မသိချင်တဲ့ လူတွေနဲ့ တခြား hacker တွေရဲ့ အန္တရယ်က ကင်းဝေးစေဖို့
လုပ်ဆောင်နိုင်တဲ့ script တစ်ခုပါ။ လူသိနည်းလှပေမယ့် ကိုယ့်ရဲ့ message

တွေကို လုံခြုံစေချင်ရင်တော့ အားကိုးအားထားပြုနိုင်ပါတယ်။
http://userscript.org/script/show/3574

SSL google
Gmail ကိုပဲဖြစ်စေ၊ google docs ၊ google calender စတဲ့ products တွေနဲ့
နောက်ဆုံး google search engine ကိုပင် ဖြစ်စေ၊ ‘http’ နဲ့ သွားနေတဲ့
လမ်းကြောင်းကို ပြောင်းလဲပြစ်ပြီး ပို ပြီး လုံခြုံ စိတ်ချရတဲ့ ‘http:’
protocol တစ်ခုအနေနဲ့ ပြောင်းလဲပြစ်ပေးပါလိမ့်မယ်။ လုံခြုံမှု
မြင့်မားစေတဲ့ script တစ်ခုပါ။

http://userscript.org/script/show/7427

Signature Float
ကိုယ့် email ရဲ့ အောက်ခြေရှိတဲ့ လက်မှတ်ကို စိတ်ကြိုက် နေရာ ပြောင်းလဲစေနိုင်မယ့် script တစ်ခုဖြစ်ပါတယ်။
http://userscripst.org/script/show/3067

Attachment reminder
email တစ်စောင်ကို လက်ခံရရှိတဲ့ အခိုက်အတန့်မှုာပဲ ဖြစ်ဖြစ်၊ message
အသစ်တစ်ခုကို ဖန်တီးလိုက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ‘attach’ file
တစ်ခုကိုများ ချိတ်ဆက်ချင်ပါသလား ဆိုပြီး သတိပေး နှိုးဆော်ပေးမယ့် script

ပါ။
http://userscripst.org/script/show/2419

Usage Graph
Gmail ထဲမှာ ကိုယ်ဘယ်လောက် သုံးစွဲပြီးပြီလဲ ဆိုတာကို ဖော်ပြပေးမယ့် graph ဒီဇိုင်း addons လေးတစ်ခုပါ။
http://addons.mozilla.org/en-US/firefox/addon/6076

google view 2 panel
google ကနေ ရှာဖွေလိုက်စဉ်မှာ view ကို အထက်အောက် ၁၀ ခု ပြပေးမှာ မဟုတ်ဘဲ
ဟိုဘက်၊ ဒီဘက် panel အနေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ အလွယ်တကူ

လျင်လျင်မြန်မြန် ကိုယ်လိုချင်တာကို ရွေချယ်နိုင်ပါတယ်။
http://userscript.org/scripts/show/9310

GmailDrive
ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ရှိနေတဲ့ ဘယ်လိုဖိုင်မျိုးကို မဆို ဘယ်လို
folder ၊ ဘယ်လို drive ဆီမှာ ရှိနေတဲ့ ဖိုင်မျိုးကိုမဆို screen ပေါ်မှာတင်
အလွယ်တကူ ‘drag and drop’ လုပ်ပေးနိုင်တဲ့ appilcation ငယ်လေးတစ်ခု
ဖြစ်ပါတယ်။ Internet explorer နဲ့ အလုပ်လုပ်နိုင်စွမ်း ရှိပြီး Gmail
Drive ကို ပိုင်ဆိုင်ဖို့ အတွက် gmail user account နဲ့ password

တစ်ခုစီကလွဲပြီး တခြားဘာမှ မလိုအပ်ပါ။ (Gmail Drive ဟာ IE နဲ့
အလုပ်လုပ်ရင် ပို ပြီးအစွမ်း ထက်တာ တွေ့ရပါတယ်။ အသေးစိတ်ကို http://www.viksoe.dk/code.gmail.html မှာ လေ့လာပါ။ )
၁။ http://www.softpedia.com/progDown-load/Gmail-Drive-shrll-extensiond… ဟုရိုက်ပါ။ (သို့မဟုတ် http://www.softpedia.com ရဲ့ search box မှာ ၀င်ရောက်ရှုာဖွေ လို့ရပါတယ်။)
၂။ ပြီးရင် 200 KB သာရှိတဲ့သော ဖိုင်လေးကို down-load ယူပါ။ extract
လုပ်လိုက်တဲ့အခါ ’set up’ ကို တွေ့ပါမယ်။ click နှိပ်ပြီး install လုပ်ပါ။

my computer အောက်မှာ Gmail Drive ရောက်နေတာကို တွေ့ရပါတယ်။
Click နှိပ်ပါ။ ပြီးရင် ‘More’ လည်း click နှိပ်ပါ။ username နဲ့ password ဖြည့်ပြီးတာနဲ့ သုံးစွဲနိုင်ပါတယ်။

Gdisk (Mac)
Gmail Drive လိုပဲ ကိုယ့်ရဲ့ ကွန်ပျုတာပေါ်မှာ ရှိနေတဲ့ file တွေနဲ့ folder
တွေကို အလွယ်တကူ ဆွဲယူပြီး သိမ်းဆည်းလို့ ရနိုင်တဲ့ web အခြေပြု
application တစ်ခုပါ။ (macintosh သမားတွေ အတွက် သီးသန့်ဖြစ်ပါတယ်။)
http://gdisk.soureforge.net

Gmail ToDo

တကယ်လို့ ‘ToDo’ appliction ကိုသာ desktop ပေါ်မှာ install
လုပ်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ (ဒါမှမဟုတ် Gmail ရဲ့ ‘ToDo’box
ထဲကို အလွယ်တကူ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ internet ကို
အချိန်ပိုင်းနဲ့ သုံးစွဲနေရတဲ့ သူတွေများ ဥပမာ အားဖြင့် ‘access card’
နဲ့ သုံးစွဲသူတွေအတွက် ကိုယ်ပို့လိုတဲ့ စာတွေကို offline မှာ ကြိုတင်
ရိုက်ထားပြီး ‘internet’ access ယူလိုက်တဲ့ အခါမှ Gmail todo box ကို
မြန်မြန်ဆန်ဆန် လွှဲပြောင်းယူပြီး gmail compose ကနေ တစ်ဆင့်
စာတစ်စောင်ချင်းကို အေးအေးဆေးဆေး ပို့နေလို့ရပါတယ်။
http://gmtodo.source-forge.net

Flip Mail
မုဘိုင်းလ်ဖုန်းပေါ်မှာ တင်ထားတဲ့ Gmail mobile အတွက် အလိုအလျှောက် email forward လုပ်ပေးနိုင်ပါတယ်။
http://teleflip.com/blog/services/flipmail

Gmail Loader
Cross Platform Service တခု ဖြစ်ပါတယ်။ gmail ကို လက်ခံတဲ့ mail server
တစ်ခု အနေနဲ့ ဆောင်ရွက်ပြီး တခြား email တွေရဲ့ account နဲ့ mail တွေကို
Gmail ထဲကို ထည့်သွင်းယူနိုင်ပါတယ်။
၁။ 3.6 MB ရှိတဲ့ zip file ကိုအရင်ဆုံး download ချရပါမယ်။

၂။ zip ဖြည်ပြီးတာနဲ့ သုံးစွဲလို့ ရပါပြီ။
http://www.marklyon.org/gmail/download.html မှာ လေ့လာနိုင်ပါတယ်။

Icon generator
internet ပေါ်မှာ ကိုယ့်ရဲ့ email လိပ်စာကို အလွယ်တကူ တင်ထားလို့
မဖြစ်ပါဘူး။ ’spam box’ လို့ ခေါ်တဲ့ spammer တွေ သုံးစွဲတဲ့ program တွေဟာ
အဲဒီ email လိပ်စာကို ရှာတွေ့ပြီး အလိုအလျှောက် spam လုပ်နိုင်စွမ်း
ရှိပါတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ website မှာပဲဖြစ်ဖြစ်၊ blog

မှာပဲဖြစ်ဖြစ်၊ တခြား forum လို နေရာမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့
Gmail ကိုလည်း သိစေချင်တယ်။ ဒါပေမယ့် အန္တရာယ်ကလည်း ရှောင်ရှားချင်တယ်
ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ gmail ဒီဇိုင်း icon လေးကို generate
လုပ်လိုက်ပါ။
http://services.nexodyne.com/email/index.php

Blogsigs
blog လေးတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေအတွက် နေ့စဉ်နေ့တိုင်း ကို update
လုပ်လိုက်တဲ့ blog page ရဲ့ link တွေကို တခြားလူတွေကို သိစေ၊

မြင်စေချင်မှာပါပဲ။ အခု blogsigs ဟာ ကိုယ့်ရဲ့ Gmail ထဲမှာရှိတဲ့
signature (ကိုယ်. Gmail ကနေ အထွက်စာတိုင်းအတွက် ပါရှိသွားမယ့် လက်မှတ် )
နေရာမှာ အခုန ကိုယ့်ရဲ့ နောက်ဆုံး blog link စာကြောင်းကို အလိုအလျှောက်
ထည့်ပေးထားလို့ ရပါတယ်။
၁။ http://www.blogsigs.com ဟုရိုက်ပါ။
၂။ ယာဘက် panel မှာရှိတဲ့ extension ကို download လုပ်ပါ။
၃။ firefox, outlook ရဲ့ Mac တို့အတွက် ဖြန့်ချိထားပါတယ်။ firefox အတွက်

extension ကို download လုပ်မယ်ဆိုရင် Gmail မှာ ပေါင်းထည့် ပေးပါလိမ့်မယ်။
http://www.blogsigs.com

Gmail Mobile
Mobile ပေါ်မှာ Gmail account ကို ရယူ သုံးစွဲနိုင်ဖို့ online ပေါ်မှာ ထားရှိပေးထားတဲ့ service တခုဖြစ်ပါတယ်။
http://www.google.com/mobile/mail/index.html

google talk
အခုအခါမှာ talk ဟာ ပိုပြီး အစွမ်းထက် လာပါတယ်။ ကိုယ်ပြော ဆိုလိုတဲ့ လူဟာ
‘offline’ ရောက်နေတာတောင်မှ ‘Message’ ပို့ထားလို့ရပြီး message ဟာ gmail

ရဲ့ ‘chats’ label ထဲမှာ အလိုအလျှောက် save လုပ် သိမ်းဆည်း ပေးတဲ့ အတွက်
အလွန်ထူးခြားတဲ့ feature တွေ ပါဝင်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
http://www.google.com/talk

you’ve Got Gmail
တစ်ယောက်ယောက်နဲ့ chatting ပြောနေရင်း Gmail ထဲမှာ message အသစ်ဝင်လာတဲ့
အခါမှာ အကြောင်းကြားပေးတဲ့ ‘plug-in’ တစ်ခုပါ။ ‘Trillian’ လို့ခေါ်တဲ့ IM
software အတွက် ရေးသားထားပါတယ်။
http://www.deltha.ro

Unblock
Gmail ကို ရုတ်တရက် အသုံးစွဲရ ခက်ခဲသူတွေ အတွက် တစ်ဆင့်ခံ သုံးစွဲ
နိုင်တဲ့ website တစ်ခုပါ။ (အခု လောလောဆယ် မှာတော့ Main-tainance
လုပ်နေပြီး အဲဒီလို ခပ်ဆင်ဆင် တခြား webpage တွေကိုလည်း ရှာဖွေ
ရရှိနိုင်ပါတယ်။)
http://unblock.com

Iphoto2Gmail(Mac)
Mac သမားတွေအတွက် သီးသန့် website တစ်ခု ဖြစ်ပါတယ်။ picasa iflicker

တို့နဲ့ ပုံစံတူ photo sharing ပေးအပ်ထားတဲ့ website ကနေ Gmail အတွင်း
ထဲသို့ ဓာတ်ပုံတွေ ‘drag and drop’ ဆွဲယူ ထည့်သွင်း နိုင်ပါတယ်။
http://www.iphoto2Gmail.notopfimail.net

Mailplane
Mac နဲ့ Window နှစ်မျိုးစလုံးအတွက် သုံးစွဲနိုင်ပါတယ်။ ရရှိဖို့ အတွက် invite တစ်စောင်တော့ လိုအပ်ပါတယ်။
၁။ အရင်ဆုံး request form ထဲကို ကိုယ့် Gmail address နဲ့ အခြား အချက်အလက် အနည်းငယ် ဖြည့်ပါ။
၂။ ပြီးရင် invite တောင်းပါ။ တစ်ပတ်လောက် ကြာမြင့် ပြီးတဲ့အခါမှာ gmail ကို application ပုံစံနဲ့ သုံးစွဲ နိုင်တာကို တွေ့ရပါမယ်။
http://mailplaneapp.com/beta/index.html မှာ လေ့လာ နိုင်ပါတယ်။

GmailFS
Linux user တွေအတွက် အဓိက ရည်ရွယ်ပါတယ်။
http://richard.jones.name/google-hacks/gmail-files-system/gmail-fil… မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

Gmail Notifiers
ကိုယ့်ရဲ့ Gmail ထဲကို mail အသစ်တွေ ရောက်ရှိနေရင် အကြောင်းကြား
သတင်းပေးမယ့် program ငယ်လေး များစွာ ရှိပါတယ်။ အဲဒီ အထဲကမှ အကောင်းဆုံး ၃
ခု ရှိပါတယ်။

၁။ Gmail Notifier (official)-Gmail ရဲ့ အပိုင်တရားဝင် ပရိုဂရမ်ငယ်လေး တစ်ခု ရှိပါတယ်။
http://mail.google.com/mail/help/notifier/notifier-Windows.html
၂။ GTray -PC ရဲ့ taskbar ညာဘက်ထောင့်မှာ ရှိတဲ့ system tray ထဲကနေ အလုပ်လုပ်ပြီး အကြောင်းကြားပေးမယ့် add-ons လေးတစ်ခုပါ။
http://torrez.us/archives/2004/05/23/gtray3_beta.zip
၃။ Notifier 2- browser ရဲ့ status bar ကနေ ‘inbox 2′ စသဖြင့် mail အသစ်တွေ ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။
http://www.notifier2.com/down-load.html

Gmail Notifier (Mac)
Gmail Notifier (official) – Mac သမားတွေ အတွက် Gmail ရဲ့ တရားဝင် add-on ကို download ရယူနိုင်ပါတယ်။

http://mail.google.com/mail/help/notifier/notifier_windows.html
GCount – http://versiontracker.com/dyn/moreinfo/macOSx/2374
Gmail+Growl2.0 – http://waffsoftware.net/gmailgrowl/

Gmail Notifier(linux)
KcheckGmail- linux gmail အတွက် nitifier ပါ။
http://kcheckGmail.sourceforge.net

Gmail Notifier (browser)

Email Notifier toorbar: Firefox သုံးစွဲသူတွေ အတွက် toolbar တစ်ခုကို
install လုပ်ထား ခဲ့မယ် ဆိုရင် Gmail ထဲမှာ စာအသစ် ရောက်၊ မရောက် ဆိုတာကို
ပုံမှန် အကြောင်း ကြားပေးပါမယ်။
http://addons.mozilla.org/firefox/173
Gmail Notifier: firefox ရဲ့ status bar ကနေ တစ်ဆင့် အသစ်တွေရဲ့ အ၀င်အထွက်ကို သတင်း ပို့ပေး နေပါလိမ့်မယ်။
http://addons.mozilla.org/firefox/2595

သီးသန့်လမ်းညွှန် အကြံပြုချက်များ
– spam တွေကို ကာကွယ်ဖို့ အတွက်ပဲဖြစ်စေ၊ ကိုယ်လိုချင်တဲ့ စာတွေ၊ ပုံတွေ

ကိုသီးသန့် စုဆောင်း ချင်လို့ပဲ ဖြစ်စေ၊ ဘယ်လို အကြောင်းမျိုး ကြောင့်ပဲ
ဖြစ်စေ၊ Gmail inbox အတွင်းမှာ အရေးကြီးဆုံးက filter တွေကို
ကျွမ်းကျွမ်းကျင်ကျင် တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုလိပ်စာမှာ ရှိတဲ့
filter တည်ဆောက်နည်း တွေနဲ့ အဆင့်မြင့် လမ်းညွှန် ချက်တွေက သင့်ကိုGmail
မာစတာ တစ်ယောက် ဖြစ်အောင် အကူအညီ ပေးပါလိမ့်မယ်။
http://lifehacker.com/software/hack-attack/build-advanced-gmail-fil
~ hotmail,yahoo mail, ဒါမှမဟုတ် outlook express မှာရှိတဲ့ email စတဲ့
mail မျိုးစုံကို စုစည်းပြီး Gmail ထဲကို ပို့ဆောင်နိုင်စေဖို့

နည်းလမ်းတွေကိုတော့ အခုနေရာမှာ ရနိုင်ပါတယ်။
http://www.zoliblog.com/blog/archives/2007/3/28/2840555.html
~ တကယ်လို့ Gmail user တစ်ယောက်ယောက် သေဆုံး သွားခဲ့ရင် အဒီ account ကို
ကိုယ် ရယူနိုင် သလား ဆိုတာ ဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။
http://seroundtable.com/archives/013645.html
~ Gmail ကသာ https layer ကို သုံးစွဲပေမယ့် သူ့ကို ၀ိုင်းဝန်း ထောက်ပံ့
နေတဲ့ တချို့ features တွေဟာ SSL ကို မသုံးစွဲ နို်င်ပါဘူး။ ‘SSL’ ကို
မသုံးစွဲ တတ်တဲ့ အတွက် ကိုယ့်ရဲ့ Gmail တွေဟာ လုံခြုံ သင့်သလောက်
မလုံခြုံဘူးလို့ ထင်မြင်ယူဆ ချက်တွေနဲ့ သံသယပွား နေရင် အခုလိပ်စာမှာ

ဝင်ရောက် လေ့လာ နိုင်ပါတယ်။
http://wikihow.com/Hack-Gmail-Notifier-to-Use-SSL
~ Gmail မှာရှိတဲ့ contacts လိပ်စာတွေဟာ Gtalk သုံးစွဲ သူ အချင်းချင်း နဲ့
တခြား Gmail ကိုလက်ခံတဲ့ IM services တွေ အတွက် လက်ခံပါတယ်။ yahoo,hotmail
တို့ဟာလည်း သီးသန့် လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဥပမာ အားဖြင့် hotmail
ထဲမှာ ရှိတဲ့ contacts လိပ်စာတွေကို Gmail ထဲကို ရွှေ့ပြောင်း ထားနိုင်ရင်
Virus နဲ့ spam အန္တရာယ် တွေကအစ ပိုပြီး လုံခြုံ နိုင်မှာပါ။
http://e-eseasy.com/Import-Hotmail-Contacts-Gmail-aspx
~ Gmail ထဲမှာ ရှိတဲ့ message တွေမှန်သမျှ ‘outlook’ express ကနေ တစ်ဆင့်

လက်ခံပြီး အလိုအလျှောက် download လုပ်ဆောင် နေစေနိုင်မယ့်
နည်းလမ်းတချို့ကိုတော့ အခုလိပ်စာမှာ ရနိုင်ပါတယ်။
http://greektronica.com/2007/04/07-howto-redownload-gmail-messages(into-outlook)
~ Gmail ထဲက message တွေကို ‘backup’ လုပ်ထားဖို့ လိုအပ်တယ်လို့ တခါတလေ
များတွေးတောမိ ပါသလား။ အလွန်လွယ်ကူတဲ့ လုပ်ဆောင် ချက်တွေနဲ့ Gmail ကို
backup လုပ်ဆောင်စေနိုင်မယ့် အကြံပြုနည်းလမ်း တွေကို ရရှိနိုင်တဲ့
နေရာကို သွားရောက် လေ့လာကြည့်သင့် ပါတယ်။
http://greektronica.com/2007/03/29/using-google-groups-to-backup-gmail

~ Gmail ကနေ တစ်ဆင့် google calendar ကို ချိတ်ဆက် အသုံးပျြု နိုင်ပြီး
gmail inbox ထဲမှာ ရက်စွဲ တစ်ခုချင်းအလိုက် လက်ခံရရှိခဲ့တဲ့ ဒါမှ
မဟုတ်ရင်လည်း ပို့ဆောင်မယ့် Mail တွေကို စိတ်ကြိုက် လုပ်နိုင်တဲ့ အခွင့်
အလမ်းတချို့ကို ဒီနေရာမှာ ဖော်ပြထားပါတယ်။
http://blogoscoped.com/archive/2007-04-25-html
~ ‘Ubuntu’ ဟာ ‘xp,OSX,Limix’ တို့လို operation system တစ်ခု ဖြစ်ပါတယ်။
XP လို မဟုတ်ပဲ မြင့်မားတဲ့ လုံခြုံရေး စနစ် ရှိပြီး open-source အနွယ်ဝင်
ဖြစ်တဲ့အတွက် progrmmar တွေ လောကမှာ အလွန်သတင်း မွှေးပါတယ်။
အခုလိပ်စာမှာတော့ ‘ubuntu’ OS အပေါ်မှာ Gmail ကို Client software တစ်ခု

အနေနဲ့ လုပ် ဆောင်ဖို့ နည်းလမ်း တွေကိုလမ်းညွှန် ပြသ ထားပါတယ်။
http://howtogeek.com/howto/ubuntu/set-gmail-as-defult-mail-client-i
~ Google calendar နဲ့ ချိတ်ဆက်ပြီး Gmail အတွင်းထဲ မှာရှိတဲ့ လိပ်စာရှင်တွေ ဆီကို အလိုအလျှောက် လုပ်ပေးနိုင်တဲ့ အတွက်
http://lifehacker.com/software/google-calendar/geek-to-live-sync-go
-desktop-251219.php
~ Gmail အတွင်းထဲမှာ ရှိတဲ့ fonts,font size,smiley icon စတာတွေမှာ
ကိုယ်လိုချင်တာတွေ မတွေ့ခဲ့ရ သေး လျှင် ဒီနည်းလမ်း တွေကိုသာ လုပ်ဆောင်
ကြည့်မယ် ဆိုရင် Gmail ရဲ့ ဖုံးအုပ် ထားတဲ့ လျှို့ဝှက် ချက်တွေကို

ရရှိနိုင်မှာပါ။ (အထူးသဖြင့် better Gmail ရဲ့ extension
လုပ်ဆောင်ချက်တွေကို တစ်ဆင့်ချင်း ရှင်းလင်းပြသ ပေး ထားတဲ့ အတွက်
အားကိုးရတဲ့ tip တွေဖြစ်ပါတယ်။
http://5thirtyone.com/archives/821
~ သင့်မှာ ရှိသမျှ Email account တွေကို Gmail နဲ့ အတူ ဖွဲ့စည်းတည်ဆောက်
နိုင်ပါတယ်။ အကုန်လုံးကို တစ်စု တစ်ဝေးတည်း ဖွဲ့စည်း တည်ဆောက် ထားနိုင်တဲ့
နည်းလမ်း များကို ဖော်ပြ ပေးထားပါတယ်။
http://z-co.com/blog/2007/06/manage-all-your-email-account-with-gmail
~ ‘Fetchmail’ နဲ့ အတူ Gmail ကို ‘backup’ လုပ်ဆောင် နိုင်ဖို့ လမ်းညွှန်

ပြသမှုတွေကို ပုံစာတွေ နဲ့ တစ်ဆင့်ချင်း ရှင်းလင်း ဖော်ပြထားပါတယ်။
http://lifehacker.com/software/gmail/geek-to-live-back-up-gmail/wit
~ ‘mozilla’ အဖွဲ့ အစည်းက ထုတ်ဝေ ထားခဲ့တဲ့ အခမဲ့ email software ဖြစ်တဲ့
‘Thunderbird’ ကို ကိုယ့်ရဲ့ email client တစ်ခု အနေနဲ့ ‘default’
ထားခဲ့မယ် ဆိုရင် Gmail ကို client mail တစ်ခုအနေနဲ့ သုံးစွဲ
နိုင်ပါလိမ့်မယ်။ Gmail client mail server attachment Disk mail storage
‘Thunderbird’ ‘Gmail’
http://email.about.com/od/mozilla-thunderbird-tips/qt/et12160.html

~ IMAP တစ်ခု အနေနဲ့ Gmail ကို သုံးစွဲ နိုင်ဖို့ နည်းလမ်း တချို့
ရှိပါတယ်။ တကယ်လို့ လမ်းညွှန်ချက်တွေ ကို သာ အပြည့်အ၀ လိုက်နာ ဆောင်ရွက်ခဲ့
မယ်ဆိုရင် offline ဖြစ်နေချိန်မှာတောင် Gmail inbox ထဲက message တွေကို
စိတ်အေးလက်အေး ဖတ်ရှုနေလို့ ရနိုင်မယ်လို့ ဆိုထားပါတယ်။
http://downloadsquad.com/2007/07/11/how-to-use-gmail-ove-imap-and-t
~ Microsoft ထုတ် outlook (email client software ),Gcal (Google
calender), Ipod (apple ရဲ့ သီချင်း ဖွင့် စက်),mobile phone အစရှိတဲ့
Gmail ကို လက်ခံ ပေးပို့နိုင်တဲ့ ပရိုဂရမ် တွေနဲ့ Gmail ကို ဘယ်လို

ဘယ်ပုံ ချိတ်ဆက် မလဲ ဆိုတဲ့ နည်းလမ်းတွေ အများကြီး ရှိနေပါတယ်။
http://internetduct-tape.com/2006/08/11
~ ‘FirePG’ extension ကို နားမလည် သဘောမပေါက် သေးတဲ့ လူတွေအတွက် အဲဒီ
extension ကို အသုံး ပြုပြီး Gmail အတွင်းမှာ message တွေကို ဘယ်လို
နည်းလမ်း မျိုးနဲ့ ရုပ်ဖျက်မလဲ ဘယ်လို သော့ချက် တွေကို သုံးစွဲပြီး
ပြန်လည် ပုံဖော် မလဲဆိုတာတွေကို ရှင်းပြ ထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
http://Linux.com/artic-les/62369
~ Gmil attachment ဖိုင်တွေရဲ့ အလုပ်လုပ်ပုံ အကြောင်းတွေကို အစုံအလင်
တွေ့ရပါမယ်။ ဘာကြောင့် ‘zip’ extension တွေကို လက်မခံ ရတာလဲ။ attach မှာ

‘.exe’file တွေကို ဘယ်လို တွဲချိတ် ပို့ ဆောင်နိုင်မလဲ။ ‘.doc’ extension
တွေနဲ့ mail တွေကို ဖွင့် ဖတ်သင့် မသင့် အစရှိတဲ့ gmail ရဲ့ ‘attach’ file
တွေနဲ့ ပတ်သက်သမျှ လမ်းညွှန် ပြသပေး နေတဲ့ နေရာတစ်ခု ဖြစပါတယ်။
http://googlesystem.blogspot.com/2007/04/gmailaqttachments.html
~ Gmail server ကနေ တရားဝင် ပိတ်ပင် ထားတဲ့ file type တွေ ရှိပါတယ်။ ဥပမာ
အားဖြင့် ‘.jar’,’exe’,zip’ စတဲ့ file extension တွေကို လှည့်ကွက်
တစ်ခုအနေနဲ့ ပို့ဆောင် နိုင်စေဖို့ guide line တွေဖြစ်ပါတယ်။အလွန်
လွယ်ကူရိုးစင်းတဲ့ လမ်းညွှန်ချက်တွေ ဖြစ်တာမို့ တစ်မဟုတ်ချင်း နားလည်
သဘောပေါက် သွားနိုင်ပါတယ်။

http://labnol.blogspot.com/2005/12/cheat-gmail-antivirus-scanner-at
~ တခါတလေမှာ ကိုယ့် Gmail inbox ထဲကို ကိုယ် ကိုယ်တိုင်တောင် မမှန်းဆမိတဲ့
spam ကြော်ငြာတွေ ရောက် နေ တတ်ပါတယ်။ အဲဒီ ကြော်ငြာတွေကို ကိုယ့် Gmail
လိပ်စာထဲကို ဘယ်သူတွေက လမ်းညွှန် လိုက်တာ ပါလိမ့် ဆိုတဲ့ အချက်ကို
ရှင်းလင်းပြထားပြီး spammers တွေကို လိပ်စာ ရောင်းစားနေတဲ့ သံသယ ရှိတဲ့
website တွေကို ဘယ်လို တြုံ့ပန်ရမလဲ ဆိုတာကို ရှင်းပြထားပါတယ်။
http://hedir.com/introduction/about/17942.html
~ ‘postFix’ နဲ့ Fetch-mail’ ကို သုံးစွဲပြီး Gmail ကို Linux အပေါ်မှာ

ဘယ်လို တည်ဆောက်မလဲ Linux နဲ့ အလုပ်လုပ်ပုံ ဟန်ပန်တွေကို အတုယူပြီး
လုံခြုံ ပြည့်ဝတဲ့ Gmail တစ်ခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကို အောက်ပါ
လိပ်စာမှာ လေ့လာ အကဲခတ် နိုင်ပါတယ်။
http://souptonuts.sourceforge.net/postfix_tutorial.html
Gmail Shortcut
Gmail အတွင်းထဲမှာ ရှိတဲ့ message တွေကို keyboard က ခလုတ်တစ်ခု
နှိပ်လိုက်ရုံနဲ့ ဖျက်ပစ် ချင်တယ်ဆိုရင် keyboard shortcuts တွေရဲ့
လျှို့ဝှက်ချက်တွေကို ဖွင့်ဟထားတဲ့ လိပ်စာမှာ ရယူထားနိုင်ပါတယ်။
http://labnol.blogsport.com/2007/03/gmail-delete-keyboard-shortcuts

Google ကနေ တရားဝင် တည်ဆောက် ပေးထားတဲ့ ’shortcuts’ တွေကို တော့ ရပါပြီ။
ဒါပေမဲ့ ကိုယ် ဖန်တည်း ထားတဲ့ label တွေ အတွက် ’shortcuts’ တွေ လိုချင်
သေးရင်တော့ google system မှာ အကြံပေး လမ်းညွှန်ချက် တွေနဲ့အတူ ရရှိမှာပါ။
ကိုယ် ကိုယ်တိုင် တည်ဆောက် ဖန်တီး နိုင်တဲ့အပြင် တခြားလူတွေ တည်ဆောက်
ထားပြီးသား shortcuts တွေလဲ သုံးစွဲ နိုင်ပါတယ်။
http://googlesystem.blogspot.com/2007/05/shortcuts-for-specil-gmail
~ ဒါမှမဟုတ် cyber ကနေ အပြန်မှာ Gmail ရဲ့ shortcuts လက်ကွက်တွေကို
မေ့သွား နိုင်တဲ့ အတွက် အဲဒီ လက်ကွက် လေးတွေကို print ထုတ်ပြီး အိမ်မှာ

သီးသန့် လေ့လာ ချင်တယ်ဆိုရင် အခမဲ့ print ထုတ်ခွင့် ပေးထားတဲ့ gmail
shortcuts key တွေကို ဒီလိပ်စာမှာ ရနိုင်ပါတယ်။
http://comp.nus.edu.sg/-kanmy/gmail/gmail/keys.html
Tips
Google ရဲ့ programming တွေထဲမှာ ‘Matt-cutts’ ဟာ တန်ဖိုးရှိတဲ့ လမ်းညွှန်
အကြံ ပေးချက်တွေကို ဖြန့်ဝေ ပေးတာကြောင့် လူချစ်လူခင် များလှပါတယ်။ သူ့ရဲ့
blog ဟာ တစ်နေ့ကို လူသုံးသောင်း ကျော် ၀င်ရောက် ကြည့်ရှု ကြတဲ့ အထဲမှာ ၇၅
ရာခိုင်နှုန်းဟာ programming ကို စိတ်ဝင်စား လေ့လာ နေကြတဲ့ လူတွေနဲ့
ထိပ်ထိပ် ကြဲ programmer တွေ ပါဝင်ပါတယ်။ အခုနေရာဟာ ‘Mattcutts’ ရဲ့

‘tips’ တချို့ ပါ။ တကယ်လို့ သင့်ရဲ့ Gmail inbox ပြည့်လုနီးပါး ဖြစ်လာပြီ
ဆိုပါတော့။ သုံးစွဲမှု ရာခိုင်နှုန်းကလဲ ၉၉ ဒဿမ ၉ ရာခိုင်နှုန်းလောက်ကို
ဖြစ်နေပြီ google ကနေ အလိုအလျှောက် တိုးပေးနေတဲ့ storage ပမာဏကလည်း
တစ်နေ့တစ်နေ့ လက်ခံရှိတဲ့ spam အရေအတွက်နဲ့ ထပ်တူနီပါး ကျနေပြီး ဒီတော့
Gmail box ဟာ မကြာခင်မှာ ပြည့်တော့မယ်။ အမှန်အကန် email အသစ်တွေကို
လက်မခံတော့ လောက်အောင် များပြား နေပြီ ဆိုပါစို့၊ ဒီအခါမှာ သင် ဘာလုပ်မလဲ။
Gmail server ဟာ message တစ်ဆောင်တည်း ကိုပဲ လေးနေရာလောက် ခွဲပြီး
သိမ်းဆည်း တယ်လို့ ကြားဖူးထားတယ်။ အဲဒီ အခါမှာ ဘယ်နေရာမှာ ရှိတဲ့ Mail
message တွေကို ဖျက်ပစ် မလဲ။ ကိုယ့်ရဲ့ Gmail box ကို သန့်ရှင်အောင်

ဘယ်လိုလုပ် မလဲ။ ဘယ်နေရာကို ချန်ထားမလဲ စတဲ့ အချက်အလက် တွေကို တစ်ခုချင်း
စနစ်တကျ ရှင်းလင်း ဖော်ပြထားပါတယ်။
http://mattcutts.com/blog/three-solid-gmail/productivity.tips/
~ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ Gmail ကို အခြေခံ အဆင့်ကနေ စတင်ပြီး
အဆင့်မြင့် နည်းပညာ တွေ အထိ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်
ချင်တယ်ဆိုရင်တော့ Gmail လျွှို့ ဝှက်ချက် ပေါင်းမြောက်များစွာကို
စုစည်းထားတဲ့ ကမ္ဘာ့ အစုံအလင်ဆုံး လမ်းညွှန်ချက်တွေ ရှိနေတဲ့ လိပ်စာကို
သွားရောက် လေ့လာ ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
http://bnura.blogspot.com/2006/09/what-to-do-if-my-gmail-gets-full….

source : emotownship.ning.com

What is the software development life cycle (SDLC)?


Software Development Life Cycles

  1. Programmer produces code he believes is bug-free.
  2. Product is tested. 20 bugs are found.
  3. Programmer fixes 10 of the bugs and explains to the testing department that the other 10 aren’t really bugs.
  4. Testing department finds that five of the fixes didn’t work and discovers 15 new bugs.
  5. Repeat three times steps 3 and 4.
  6. Due to marketing pressure and an extremely premature product announcement based on overly-optimistic programming schedule, the product is released.
  7. Users find 137 new bugs.
  8. Original programmer, having cashed his royalty check, is nowhere to be found.
  9. Newly-assembled programming team fixes almost all of the 137 bugs, but introduce 456 new ones.
  10. Original programmer sends underpaid testing department a postcard from Fiji. Entire testing department quits.
  11. Company is bought in a hostile takeover by competitor using profits from their latest release, which had 783 bugs.
  12. New CEO is brought in by board of directors. He hires a programmer to redo program from scratch.
  13. Programmer produces code he believes is bug-free…


Create Slide Photo for Upload Website


Create Slide Photo for Upload Website

Need Only 5 minute to get our photos with beautiful slide show,
Just funny and easy…………..
For me,I tested for our blog.It is ok.
http://www.slide.com/
This site create html code ,it ready to use for the blog. 😛

Being a fan of StackOverflow


StackOverflow.com ဆိုတာ အ​မေးအ​ဖြေ ဆိုဒ်​တစ်​ခုပာ။ ကမ္ဘာတစ်​ဝှမ်းက ပညာရှင်​တွေ ဝင်​ရောက်​ဖြေဆိုကြတာ​တွေ့ရမှာပာ။

Programming နဲပတ်​သက်​ရင် ​မေးချင်​တာ​မေးလို့ရပာတယ်။ Server အ​ကြောင်း​မေးချင်​ရင်​တော့ ServerFault.com ဆိုတာ ရှိပာတယ်။ Windows/Linux အ​ကြောင်း​မေးချင်​ရင်​တော့ SuperUser.com ဆိုတာ ရှိတယ်။

Copy for my Friends FROM http://www.soemin.net/

Nokia ဖုန်းကို ဘယ်လိုစစ်မလဲ?


Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပ

ဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။ ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။

ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။

Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။

Phone တိုင်းစစ်လို.ရပါတယ်ဗျာ…..။ စစ်ကြည်.ပါဦးနော်…တော်တော်ြ ကာပြသနာဖြစ်နေမှာစိုးလို.ပါနော်…။

Copy form forward mail,

သဘောကျစရာ ရက်စွဲရှေ့ကစာသားလေး


ကွန်ပျူတာရဲ့ ရက်စွဲလေးကို စတိုင်တမျိုးနဲ့…မရိုးရလေအောင်ပြောင်းကြည့်ပါ့မယ်..နာရီပေါ် mouse pointer လေးတင်လိုက်တာနဲ့ ရောက်ရှိနေတဲ့ရက်စွဲလေးကို ဖော်ပြပေးတာတွေ့ရပါတယ်..အဲဒီရက်စွဲလေး ရှေ့မှာ hello သို့မဟုတ် ချစ်သူရဲ့အမည်လေး သို့မဟုတ်welcomeဆိုတဲ့စာသားလေးထည့်လိုက်ရင် …….ကဲ လုပ်ကြည့် ကြပါစို့…regedit ထဲကို အရင်ဆုံးဝင်ပါ့မယ်..[ HKEY_CRRENT _USER\Control panel\International ကို ရှာပြီး ကလစ်လုပ်ပါ..ညာဘက်မှာ slong Date ကို ရှာပြီး right Click လုပ် ..modify ကိုရွေးလိုက်ပါ..ပေါ်လာတဲ့ ၀င်းဒိုးက value data ဆိုတဲ့ ဘောက်မှာ မူလရှိတဲ့ data ရှေ့မှာနှစ်သက်တဲ့ စကားလုံးလေးသာ ရိုက်ပြီး ok လုပ်လိုက်ပါ ..ပြီးရင် ရီစတပ်ချ ..ဒါမှ မဟုတ် run ထဲမှာ gpupdate လုပ်လိုက်တာနဲ့သဘောကျစရာ ရက်စွဲရှေ့ကစာသားလေးတွေ့ရမှာပါ.