Her Morning Elegance / Oren Lavie


Her Morning Elegance / Oren Lavie

Series Title : “The Opposite Side of The Sea”။

အပျိုကြီးတွေ


အပျိုကြီးတွေ

ဟိုအပင်ပေါ်ကသစ်သီးတွေ အ ချိန်လွန်ရင်ပုပ်လိမ်မယ်
မြန်မြန်ဆန်ဆန်ခူး စားလိုက်မှအရသာချိုမိန်မယ်
အိုက်တင်ခံတဲ့ အပျိုကြီးတွေအ ချိန်လွန် ရင်။။။။။။။.

သီချင်း အမည် ကို မသိပါ” ဆိုတဲ့ လူလဲမသိပါ’ သိရင်ပြောကြပါဦး

Song

ရင်တွင်းရိုးသားပါ။


ရင်တွင်းရိုးသားပါ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။
မေးမေးမေး.. မမေးမေးမေး. မကွယ်ဝှက်ပဲ အသိပေးလိုက်ပါ။
ဖုံးဖုံးဖုံး…. မဖုံးဖုံးဖုံး.. အချိန်တန်တော့ အကုန်လုံးသိကြမှာ။
ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်စမ်းပါ။
တွေးတွေးစစ ဖေးဖေးမမ ရှိစမ်းပါ။
ရမ်းသန်းပန်းသမ်း မှန်းဆချက်နဲ့  ခုန်ပျံမသွား.. ပုံမှန်သာသွားပါ။

သိသိသိ.. မသိသိသိ.. လိုတာရှိတိုင်း ဒီဇိုင်းမပြောင်းနဲ့ ကွာ။
ပြောပြောပြော.. မပြောပြောပြော.. ဆင်ခြင်တဲ့သဘော အလိုက်သိလိုက်ပါ။
မားမားမတ်မတ်.. ပြတ်ပြတ်သားသား လုပ်စမ်းပါ။
ရှင်းရှင်းဘွင်းဘွင်း.. ပွင့်ပွင့်လင်းလင်း ရှိစမ်းပါ။
ဆန်းဆန်းပြားပြား ကွေ့ ကောက်သွားလို့  တရံတစ်ခေါက် အမှန်မပျောက်ရာ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

ဟုတ်ဟုတ်ဟုတ်.. မဟုတ်..ဟုတ်…..ဟုတ်… အကြံထုတ်ပြီး ဟန်လုပ်မပြနဲ့ ကွာ။
ခက်ခက်ခက်.. မခက်..ခက်….ခက်.. ရည်ရွယ်ချက်လည်းမဖျက်နဲ့ ပေါ့ကွာ။
သွက်သွက်လက်လက် ထက်ထက်မြက်မြက် လုပ်စမ်းပါ။
ထိထိရောက်ရောက် ပေါက်ပေါက်မြောက်မြောက် ဖြစ်စမ်းပါ။
ခန်းခန်းနားနား လမ်းမမှားပဲ သေချာတဲ့လမ်း ရေရှည်ဖြတ်သန်းပါ။

ဝေးဝေးဝေး.. မဝေး..ဝေး….ဝေး.. လာချင်ရင်တော့ အနီးလေးပဲကွာ။
နီးနီးနီး.. မနီးနီးနီး.. မလာချင်ရင်တော့ အဝေးကြီးဖြစ်မှာ။
အေးအေးဆေးဆေး နွေးနွေးထွေးထွေး ရှိစမ်းပါ။
တည့်တည့်မတ်မတ် ပြတ်ပြတ်သားသား လုပ်စမ်းပါ။
အပေါင်းအသင်းများကြား.. ကောင်းသတင်းထားလို့  လူကြည်ညိုမှ လူရာပိုရောက်တာ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။


Listen Song

Note : Copy form “naynaynaing.blogspot.com”