တိတ်တခိုးသံယောဇဉ်


တစ်ပင်ကို တစ်ပင်ယှက်
ဖယ်ခက်တဲ့ နွယ်အပင်
သံယောဇဉ်ပင်
သံယောဇဉ် ဒီနှောင်ကြိုး
ဗြောင်ပိုးလို့ကလည်းအခက်
နောက်ပိုးတို့ကလည်း တစ်ဖက်မို့
တိတ်တခိုး သံယောဇဉ်ကို
အရိပ်ထိုးကာပင် ပြချင်သော်လည်း
နွယ်ပင်မျှဉ်တစ်ယှက်ကို နင်ဖယ်ချင်လျှင် ခက်နေမှာစိုးလို့
သံယောဇဉ် တိတ်တခိုးကို
ထာဝရ ခဝါချကာ အရိပ်မိုးလိုက်တယ်။ ။

ရှေးစာဆို

ဘုရားသခင် ကျီစားသန်ခဲ့တယ်


ဘုရားသခင် ကျီစားသန်ခဲ့တယ်

မိုးစဲနေ

အောက်တိုဘာ ၅၊ ၂၀၀၉

ရည်းစားများတဲ့ ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကို ဖွဲ့နွဲ့တယ်
ဘုရားသခင်က ကျီစားတယ်

သန်းကြွယ်သူဌေးတွေကန်တဲ့ ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာ တိုးကြည့်ကြတယ်
ဘုရားသခင်က ကျီစားတယ်

တနေ့လုပ်မှ တနေ့စား စားစရာမရှိတဲ့ မရှိသူတွေအတွက်
ငါးထောင်တန် ထုတ်တယ်
ဘုရားသခင်က ကျီစားတယ်

ကိုယ့်ဖဲထုပ် ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ် ရိုက်တဲ့ ဖဲဝိုင်းမှာ
အခြေခံဥပဒေကို ၁၄ နှစ်ကြာအောင် ဆွဲတယ်
ဘုရားသခင်က ကျီစားတယ်

ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေ ဖွင့်တယ်
ဘုရားသခင်က ကျီစားတယ်

တိုင်းတပါးကျွန် မခံချင်လို့ တိုက်ယူခဲ့တဲ့ လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ် ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်က ကျီစားတယ်

ဒီမိုကရေစီ ကိုမယုံကြည်သူတွေ ကိုယ်တိုင်က
ဒီမိုကရေစီတရားတွေ ပို့ချတယ်..
ဘုရားသခင်က ကျီစားတယ်

စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေ ၀င်ရောင်းတယ်.
ဘုရားသခင်က ကျီစားတယ်

ဗိုလ်ချူပ်တွေ ပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုပ်သည်လေးကို
ဘုရားသခင်က ကျီစားတယ်။

ခုကဗျာကို ၇ ရက်အတွင်း ဘယ်သူမှ မပြပါနှင့်
ရက် အတွင်း ဖြန့်ဝေခဲ့သော်
ကဗျာရေးသူကို
ဘုရားသခင်က ကျီစားမည်။

ဘုရားသခင်ကတော့
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန် မကျီစားခဲ့လို့
ဒီည
ကျနော့်ကို ကျနော် ပြန် ကျီစားတယ်။

မင်းခိုက်စိုးစန်(ကာလနဂါး)


ကာလနဂါး

အို … မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။

မင်းခိုက်စိုးစန်

မေတ္တာပို့


ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ……

မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိုင်စေ…။

ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ….

ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ…..။

“ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ…..

“ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။

“chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ….

“ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။

“ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ…

စပ်မိစပ်ရာ ဗလချာ ….ရေးနိုင်ကြပါစေ….။

“ ဘလော့ဂ်ဂါ ”အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ…..

“ ချိန်း၊ချက် ” ရန်ရှာ၊ ပြဿနာ…ရှောင်နိုင်ကြပါစေ…။

ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ….

ကိုယ့်ထက်သာသူ…ကိုယ့်အောက်လူ ကူညီနိုင်ပါစေ…။

ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း… (အာ…ရောကုန်ပီ sorry) ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ….။

မေတ္တာရေချမ်းကိုယ်စီဖြန်း….. အရမ်းလန်းပါစေ…။

Source : Email